ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဒဂုံတောင် ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့်‌ လူနာနေအိမ်များနှင့် ပတ်ဝန်ကျင်များ၊ ဈေးများအား ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားရာ လူနာနေအိမ်နှင့် ပတ်ဝန်းကျင်နေအိမ်များ၊ စျေးများသို့ နေပြည်တော်ဗဟိုကူးစက်ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော့မာလာညွန့်၊ ဒေါက်တာဇေယျာမင်းပိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ၊တိုင်း RRT မှဆရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ရပ်ကွက်‌နေပြည်သူများထံ အသိပညာပေးပြောကြားခဲ့ကြကြောင်း သိရသည်။

နေမျိုးအောင်