ညောင်ရွှေ ဩဂုတ် ၂
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်ကျေးရွာ၌ ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်မြေနေရာအား သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်တို့က စာကြည့်တိုက်ဆောက်လုပ်မည့် မြေအနေအထား၊ အကျယ်အဝန်းနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်၊ ဆွေးနွေးမေးမြန်းရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
စိုင်းအယ်ဘဲ