ကြံခင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာမူလတန်းကျောင်း(စမ်းမြောင်)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်

ကြံခင်း ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း (စမ်းမြောင်) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးဝန်ထမ်းများက ကွင်းဆင်းဟောပြော ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မိုးမိုးစန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Mobile phone များကို အသုံးပြုခြင်းမှ စာပေဖတ်ရှုသည့် အလေ့အကျင်းကောင်းများရရှိလာစေရန်၊ မူလတန်းအရွယ်မှစ၍ ပုံပြင်ဖတ်ခြင်းမှ သုတ၊ ရသစာအုပ်ကောင်းများကို ‌လေ့လာဖတ်ရှုသည့် အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုရခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးစသည့် ရည်ရွယ်ချက်များစွာဖြင့် ယခုလို ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဟောပြော ခဲ့သည်။

ထို့နောက်  ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ဖတ်ပြခြင်း၊ ကဗျာများသီဆိုခြင်း၊ ရသစာအုပ်များ ငှားရမ်းပေးခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်တို့ကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)