ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အင်္ဂပူမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်သည့် မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးရန် ပြင်ဆင်‌နေမှုအား ကြည့်ရှုအားပေး

အင်္ဂပူ ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ တလိုင်းကွင်းကျေးသို့‌ ရောက်ရှိရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်တာဝန်ရှိသူများ၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများက ကြိုဆိုခဲ့သည်။

ဦးစွာဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တလိုင်းကွင်း‌ကျေးရွာ၊ ကွင်းအမှတ်၈၃၉-(တလိုင်းကွင်း)၊ ဦးပိုင်အမှတ် ၁၈/၈ တောင်သူဦးမြတ်စိုး၏လယ်‌မြေ(၅)ဧကတွင် ရေကြီးနစ်မြုပ်၍ ပြန်လည်စိုက်ရန် ပြင်ဆင်နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီးမြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်က လယ်‌မြေများ ရေဝင်နစ်မြုပ်မှုအခြေနှင့် ပြန်လည်စိုက်ပျိုးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)