လှိုင်သာယာ ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် Smiling Children Program ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန် နေ့နံနက်(၁၀)နာရီ၌ အခြေခံပညာမူလတန်းကျောင်း အမှတ်(၄၇)တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများမှ ကပြဖျော်ဖြေပြီး ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့ပိုင်မှ အဖွင့်အမှာစကားပြောကြားသည်။ တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် Ms.Tang Fengmei မှ Smiling Children Program. အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူးမှ တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၊ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် Ms.Tang Fengmei အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး အမှတ်(၄၇) အခြေခံ ပညာမူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စုမွန်နိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံကျေးလက်ဒေသဖွံဖြိုးရေး ဖောင်ဒေးရှင်းအဖွဲ့မှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပညာရေးမှူး၊ခရိုင်ပညာရေးမှူး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ပညာရေးမှူး ဒေါ်မြတ်သူဇာနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသူများ တက်ရောက်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)