ရေတာရှည် သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကမ်းပါးနီးနေအိမ်များရှိ အိမ်ထောင်စုများ ကြိုတင်ပြင်ဆင်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပသည်။
ထိုသို့ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက ရေတာရှည်မြို့နယ်၌ သြဂုတ်လပထမပတ်အတွင်း မိုးရွာသွန်းမှုများပြားပြီး စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် လက်ရှိတွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာ အထက် ၂၅ စင်တီမီတာ ကျော်လွန်ရောက်ရှိလာပြီဖြစ်ရာ ကမ်းပါးအနီးတည်ရှိကြသည့် ကျေးရွာအုပ်စုများ၏ နေအိမ်များမှ အိမ်ထောင်စုများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြစေရန် ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ကော်မတီဝင်များက ချက်ချင်းဆောင်ရွက်ကြစေရန်ပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ကြိုတင်စီစဥ်ဆောင်ရွက်မည့် အခြေအနေများအား တင်ပြဆွေးနွေးကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်