ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ online အလောင်းကစားနှင့်‌ ငွေကြေးလိမ်လည်မှုများအ‌ကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန် ဩဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိ ဆရာ/ဆရာမများ ကျောင်းသား/သူများအား online အလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးညွန့်တို့က online မှတဆင့် အလောင်းကစားများ ပြုလုပ်ခြင်း၊ ငွေကြေးလိမ်လည်ခြင်းများနှင့် ပတ်သက်၍ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့သည်။

online အလောင်းကစားများနှင့် ငွေကြေးလိမ်လည်မှုများအကြောင်း အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရန်ကုန်ကုန်ပျူတာတက္ကသိုလ်မှ ဆရာ/ဆရာများ ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်

နေမျိုးထွန်း (ပြန်/ဆက်)