မြန်မာ့ရိုးရာယဉ်‌ကျေးမှုအမွေအနှစ်များကို ရှာဖွေ၊ ဖော်ထုတ်၊ တိုးတက်ပြန့်ပွားစေရန် ရည်ရွယ်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မြန်မာ့အက၊ အခြေခံကဗျာလွတ်(ပထမအဆင့်) ခရိုင်အဆင့်ပြိုင်ပွဲကျင်းပ

ဒဂုံတောင် ဩဂုတ် ၅

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြန်မာ့အကများ စနစ်တကျရှိစေရန်၊ မြန်မာ့ရိုးရာယဉ်‌ကျေးမှုအမွေအနှစ်များကို ရှာဖွေ၊ ဖော်ထုတ်၊ တိုးတက်ပြန့်ပွားစေရန် ရည်ရွယ်၍ မြန်မာအက၊ အခြေခံကဗျာလွတ် (ပထမအဆင့်) ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်အားကစားခန်းမ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဒေါက်တာ ရွှေပြည်စိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဆရာကြီး ဦးငွေသူရက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အမှတ်ပေးဒိုင်အဖွဲ့မှ အမှတ်ပေးစည်းမျဥ်းများ ပြောကြားကာ ပြိုင်ပွဲကို ကျင်းပခဲ့ရာ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့နယ် ()မြို့နယ်မှ မြန်မာ့အကအခြေခံကဗျာလွတ်အကကို ကျောင်းပေါင်း ()ကျောင်း ယှဥ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ပထမဆုကို အ.ထ.က(ခွဲ)၊အ.လ.က(၇) ဒဂုံတောင်မှလည်းကောင်းဒုတိယဆုကို ထူးကျော်ကိုယ်ပိုင်အလယ်တန်းကျောင်း အရှေ့ဒဂုံမှလည်းကောင်း၊ တတိယဆုကို အ.ထ.က(၃) ဒဂုံဆိပ်ကမ်းကျောင်းနှင့် အထူးဆုကို အ.ထ.က(၂)မြောက်ဒဂုံ ကျောင်းတို့မှ ဆုများရရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးခဲ့ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

နေမျိုးအောင် (ပြန်/ဆက်)