ကျိုက်ထိုမြို့အ.ထ.က(ရွှေဥဩ)၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်တွင် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်းဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်း(၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရမည်းသင်းမြို့အင်တိုင်း အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌‌ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့၊ အင်တိုင်းအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်

ကျောင်းသား/ကျောင်းသူလူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ် ၃ ရပ်ကွက် မူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့်Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၉)နာရီက အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်များရှိ သတ်မှတ်နေရာများတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရမ်းမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် (၈) နာရီက ခရမ်းမြို့အတွင်းနှင့် မြို့အဝင်လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မင်းလှမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗသုသုတများတိုးပွား‌လာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က သပြေစမ်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က )ကော့ကရင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျောင်းများတွင် ကျန်းမာရေးကွင်းဆင်းစစ်ဆေးစောင့်ရှောက်ပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ချောင်းဆုံ(အ.ထ.က)ကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနေပြည်သူ့စစ်အဖွဲ့များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနေပြည်သူ့စစ်အဖွဲ့များအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ကျင်းပခဲ့သည်။
Subscribe to