ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးကွင်းဆင်းစစ်ဆေး

ချောင်းဆုံ ဩဂုတ် ၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျောင်းများတွင် ကျန်းမာရေးကွင်းဆင်းစစ်ဆေးစောင့်ရှောက်ပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ချောင်းဆုံ(အ.ထ.က)ကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းနှင့် ကျန်းမာရေးဌာနဝန်ထမ်းများမှ ကျောင်းသား/သူများအား  အသိပညာပေးဟောပြောပြီး တစ်ကိုယ်ရည်သန့်ရှင်းမှုစစ်ဆေးခြင်း၊  သွားကျန်းမာရေး၊မျက်စိ၊နှား အကြားအာရုံစစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်းရှိ ကျန်ရှိသည့် ကျောင်းများသို့လည်း ကျောင်းကျန်းမာရေး စောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)