ရမည်းသင်းမြို့အင်တိုင်း အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌‌ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ရမည်းသင်း ဩဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့၊ အင်တိုင်းအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အင်တိုင်းအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုဝင်းက အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေပြီးတစ်ဦးနှင့် တစ်ဦးအသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိကာ နုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာဖတ်ရှိန် မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အင်တိုင်းအထက်တန်းကျောင်း Grade- 11 ကျောင်းသားမောင်ဂျေမောင်မောင်မှ စာကြည့်တိုက်တစ်တိုက်မှသည်ခေါင်းစဉ်ဖြင့် စာကြည့်တိုက်မှူးကောင်းကိုလည်းကောင်း၊ Grade10 ကျောင်းသူ မအိမ့်ကြာဖြူမှ လူငယ်တွေဘာကြောင့် စာဖတ်ဖို့လိုပါသလဲခေါင်းစဉ်ဖြင့် စာဖတ်ခြင်း ကောင်းကျိုးများ၊ စာပေဗဟုသုတရရှိမှသာ အရည်ခြင်းပြည့်စုံတဲ့သားကောင်းရတနာများ ဖြစ်လာနိုင်ကြောင်းကိုလည်းကောင်း၊ Grade10 ကျောင်းသားမောင်ဘုန်းပြည့်ပိုင်မှ အစပျိုးလျင် အဆုံးမသတ်သင့်‌သော စာကြည့်တိုက်ခေါင်းစဉ်ဖြင့် ကျေးရွာတစ်ရွာဖွံဖြိုးတိုးတက်ရန်စာကြည့်တိုက်အရေးပါခြင်းနှင့် အားလပ်ချိန်အကျိုးရှိစေရေးစာကြည့်တိုက်၌ စာဖတ်ခြင်းကိုလည်းကောင်း၊ Grade-11 ကျောင်းသူ မအိဇင်စိုးမှ အလင်းတံခါးများပွင့်ပါစေခေါင်းစဉ်ဖြင့် စာကြည့်တိုက်ရှင်သန်ရေးနှင့်စာကြည့်တိုက်မှူး အရေးပါခြင်းကိုလည်းကောင်းအသီးသီးဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် Grade-9/10/11/12ကျောင်းသားကျောင်းသူတို့မှ ခေါင်းစဉ်အလိုက်သိရှိလိုသည်များကို မေးမြန်းရာဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူတို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အင်တိုင်းအထက်တန်းကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၂၁၄)ဦး တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမား ပပျောက်ရေးနှင့် အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေလေ့လာစို့ အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာတက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု မှတ်သားခဲ့ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်၊ရမည်းသင်း)