ခရမ်းမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ခရမ်း ဩဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် (၈) နာရီက ခရမ်းမြို့အတွင်းနှင့် မြို့အဝင်လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ် ၅၅ ယာဥ်ထိန်းရဲတပ်ဖွဲ့စု ခရမ်းမှ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲအုပ်နေမျိုးနိုင် ဦးစီးတပ်ဖွဲ့ဝင်များမှ အမှတ် (၃)ရပ်ကွက် ရွှေအားမာန်အမြန်ယာဉ်ဂိတ်အနီးနှင့် ဒေးပေါက်လမ်းဆုံတို့တွင် ဆိုင်ကယ်နောက်တွဲမောင်းနှင်သူ (၃၀)ဦးတို့အား ယာဉ်စည်းကမ်း/လမ်းစည်းကမ်းပညာပေးခြင်း၊ ရွှေအားမာန် Taxi ဂိတ်တွင် Taxi ယာဥ်မောင်းများအား Quick Win စီမံချက်ပါအတိုင်း အသက်ကယ်ထိုင်ခုံခါးပတ်ပတ်၍ ယာဥ်မောင်းနှင်ရန်၊ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းအသုံးမပြုရန်၊ အရက်သေစာသောက်စား၍ ယာဥ်မောင်းနှင်ခြင်းမပြုရန်တို့အား ပညာပေးဟောပြောခြင်း၊ ယာဥ်/လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခရမ်း (ပြန်/ဆက်)