နတ်မောက် ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမှိုက်စွန့်ပစ်ပစ္စည်းများ စနစ်တကျထားရှိရေးနှင့် စွန့်ပစ်ပစ္စည်းများမှ ဆွေးမြေ့အမှိုက်များအား မြေဆွေးအဖြစ် အသုံးပြုနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုမရှိစေရေး၊ ရေမြောင်းအတွင်းသို့ အမှိုက်များ မစွန့်ပစ်စေရေး၊ မိမိတို့၏ နေအိမ်၊ ရုံး/ ဌာန၊ စာသင်ကျောင်းများ၏ ခြံဝန်းအတွင်း အမှိုက်ကျင်းတူးဖော်၍ အမှိုက်စွန့်ပစ်စေရေးနှင့် ဆွေးမြေ့အမှိုက်များအား မြေဆွေးအဖြစ် အသုံးပြုစေရေးတို့ကို အများပြည်သူများ သိရှိလိုက်နာနိုင်စေရန် အဖွဲ့ပိုင်မော်တော်ယာဉ်ဖြင့် လှည့်လည်ကြေညာခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူမူစန်း