လိပ်သို ဩဂုတ် ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အမှတ်(၂)ရပ်ကွက်ရှိ မြို့ပတ်-မာဒေးလမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့က ဇူလိုင်လတွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပြည်သူများ၊ မော်တော်ယာဉ်များ သွားလာအသုံးပြုလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းမှာ လိပ်သိုမြို့ ဓာတ်အားခွဲရုံနှင့် ရန်ကြီးအောင်ဘုန်းကြီးကျောင်းသို့သွားသော လမ်းပိုင်းနှင့်ဆက်သွယ်ထားပြီး မြေသားလမ်းသာဖြစ်သောကြောင့် မိုးရာသီကာလတွင် သွားလာသယ်ယူပို့ဆောင်ရေး ခက်ခဲမှုရှိခဲ့သည်။ ယခုအခါ မြို့စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းအဖြစ်သို့ ပြုပြင်တည်ဆောက်ပေးခဲ့သောကြောင့် ဒေသနေပြည်သူများ၊ မော်တော်ယာဉ်များ သွားလာသယ်ယူပို့ဆောင်အသုံးပြုမှု ယခင်ကထက် ပိုမိုအဆင်ပြေချောမွေ့သွားကြောင်း သိရသည်။
ထိုလမ်းပိုင်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အပိုင်း(၃)ပိုင်းခွဲကာ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး လမ်း၏အရှည်မှာ (၇၂၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)