အထက်မင်းလှ ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာတွင် ဆီထွက်သီးနှံအထူးဇုံ (၂)ကွင်းအမှတ် (၈၅၇)၊ ဦးပိုင်အမှတ် (၃၇) တောင်သူဒေါ်ဖွားသိန်း၏ ယာမြေ(၆.၆)ပေပတ်လည်၌ မိုးနှမ်းစံကွက် ရိတ်သိမ်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။
ဆီထွက်သီးနှံ အထူးဇုံ မိုးနှမ်းစံကွက် ရိတ်သိမ်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင် ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီနှင့်၊ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ ပူးပေါင်း၍ မိုးနှမ်းစံကွက်ရိတ်သိမ်းခြင်း ဆောက်ရွက်ခဲ့သည်။ အဆိုပါ မိုးနှမ်းစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာတွင် တစ်ဧက (၁၄.၄၇)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြေအောက်ရေကို ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူဦးနိုင်ဇော်ထွန်း၏ စပါးစိုက်ခင်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့် သီးနှံသက်တမ်းအလိုက် အပင်ပြုစုနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်မှာ ကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(ပြန်/ဆက်)