နတ်မောက်မြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

နတ်မောက် ဩဂုတ် ၁၄                                                      

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန ရုံးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က  ၂၀၂၄-ခုနှစ် ဩဂုတ်လ ပထမပတ်အား မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် ဒုတိယပတ်၊ ငါးနှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် တတိယပတ်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် စတုတ္ထပတ်၊ အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်ဟူ၍  ကျန်းမာရေးဝန်ကြီးဌာနမှ အာဟာရဖွံ့ဖြိုးရေး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ သတ်မှတ်ထားပါကြောင်း ရှင်းလင်းပြောကြားပြီး ကျန်းမာရေးမှူး(၁) ဒေါ်ရီရီငြိမ်းက အာဟာရဖွံ့ဖြိုး ရေးရက်သတ္တပတ် လှုပ်ရှားမှုအကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဆေးရောင်းခြယ်ပြိုင်ပွဲနှင့်  ကျန်းမာရေးဗဟုသုတအဖြစ် မေးခွန်း(၁၀၀) ဖြေဆိုထားသည့် ကျောင်းသား/သူများအား တာဝန်ဌာနဆိုင်ရာ အကြီးအကဲများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း(ပြန်/ဆက်)