ကွန်ဟိန်းမြို့ (နမ့်ခမ်း)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့်ဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း ဩဂုတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ (နမ့်ခမ်း)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့်ဟောပြောပွဲအား ယနေ့ မွန်းလွဲ (၁) နာရီခွဲခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကလေးငယ်များ အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအား ကလေးငယ်များ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ဗဟုသုတများတိုးပွါးလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်းများဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)