သရက်မြို့၌ စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ငါန်းဇွန်မြို့၌ အန္တရာယ်ကင်းသောမိခင်ဘဝ အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ငါန်းဇွန်မြို့၌ အန္တရာယ်ကင်းသောမိခင်ဘဝ အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ် ငါန်းဇွန် သြဂုတ် ၁၅ သက်နောင်ဦး(ငါန်းဇွန်)

ဆိပ်ဖြူမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် မူလတန်းကျောင်းသား၊ ကျောင်းသူများ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အလယ်တန်း၊ အထက်တန်းအဆင့် ကျန်းမာရေးဆိုင်ရာမေးခွန်း (၁၀၀) ဖြေဆိုပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဆိပ်ဖြူမြို့နယ် အ.ထ.က ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် ဟိုရင်ကျေးရွာနေပြည်သူများအား ကျေးရွာမြေငှားဂရန်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ မြို့မအုပ်စု၊ ဟိုရင်ကျေးရွာနေပြည်သူများအား ကျေးရွာမြေငှားဂရန်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လဲချားမြို့သီရိဟံသာခန်းမ၌ ကျင်းပခဲ့ပါသည်။

ကျောက်တန်းမြို့နယ်၊ ပါဒါကြီးစံပြကျေးရွာတွင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်း ပညာသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပါဒါကြီးစံပြကျေးရွာ၌၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လည်(၁၂)နာရီက ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ချစ်ကြည်ရေးခြေစမ်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ချင်းရိုင်းယူနိုက်တက်လူငယ်အသင်းနှင့် တာချီလိတ်ဘောလုံးအကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့နယ်တွင် အား/ကာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု/ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ (၅)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။

မင်းဘူးခရိုင်၌ ယခုနှစ် မိုးစပါးကို ဧကပေါင်း (၁၇၀၀၀၀) ကျော် လျာထားစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခု၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဆန်၊ စပါး ဖူလုံစေရန် မိုးစပါးကို ဧကပေါင်း (၁၇၀၀၀၀) ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဧကပေါင်း (၉၀၀၀၀) ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to