ကျောက်တန်း သြဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပါဒါကြီးစံပြကျေးရွာ၌၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လည်(၁၂)နာရီက ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဆွေဇင်အောင်နှင့် တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာမှတာ၀န်ရှိများ၊ သင်တန်းကော်မတီ၀င်များ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ သင်တန်းဆင်းပွဲအခမ်းအနားကို သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဆွေဇင်အေးက သင်တန်းဆင်းအမှာစကားပြောကြားကာ သင်တန်းသူများချုပ်လုပ်ထားသော အထည်များနှင့် အထောက်အကူပြုပစ္စည်းများ အားတာ၀န်ရှိသူများမှ အမှတ်တရပေးအပ်ခဲ့သည်။
ထို့နောက် ပါဒကြီးစံပြကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းကို ၁၅.၇.၂၀၂၄ မှ ၁၃.၈.၂၀၂၄ ရက်နေ့အထိ သင်တန်းသူ (၁၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)