လဲချား သြဂုတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ မြို့မအုပ်စု၊ ဟိုရင်ကျေးရွာနေပြည်သူများအား ကျေးရွာမြေငှားဂရန်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လဲချားမြို့သီရိဟံသာခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူးဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားပြီး လဲချားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေက ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဟိုရင်ကျေးရွာပြည်သူများအား တာဝန်ရှိသူများက ကျေးရွာမြေငှားဂရန် (၂၁၉)စောင်ကို ပေးအပ်ခဲ့ရာ ကျေးရွာနေပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)