လဲချား ဩဂုတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု/ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ (၅)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် ရပ်ကွက်(၄)အသင်းနှင့် ပန်ဟုန်းကျေးရွာအသင်းတို့ ယှဥ်ပြိုင်ကစားရာ ပန်ဟုန်းကျေးရွာအသင်းမ (၃)ဂိုးဖြင့် (၀)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ မြို့နယ်အား/ကာကော်မတီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ ပထမဆုရရှိသွားသော ပန်ဟုန်းကျေးရွာအသင်းအား တံခွန်စိုက်ဒိုင်းဆုနှင့်ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်အားကစားမှူး ဦးထိန်လင်းနှင့်တာဝန်ရှိသူများက ဒုတိယဆုရ ရပ်ကွက်(၄)အသင်းအား ဆုတံဆိပ်နှင့်ငွေသားဆုများ၊ နေရာလိုက်အကောင်းဆုံး ကစားသမားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)