ဗိုလ်တထောင်မြို့နယ်တွင် ယာဉ်အန္တရာယ်/လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပ

ဗိုလ်တထောင် ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ သီဟသူရထွန်းတင်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ယာဉ်အန္တရာယ်/လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၃၃)ယာဥ်ထိန်းရဲတပ်ဖွဲ့စု၊ဗိုလ်တထောင်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဆန်းညွန့်ဦးမှ ယာဉ်အန္တရာယ်/လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဟောပြောခြင်း၊ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေနှင့် ၂၀၂၂ ခုနှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေပါ စည်းကမ်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ယာဉ်တိုက်မှုအန္တရာယ်များအား ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

ထိုဟောပြောပွဲအခမ်းအနားသို့ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းထူးနှင့် အရာရှိ(၂၀)ဦး၊ စစ်သည်(၂၆၃)ဦး၊ အိမ်ထောင်သည်ရဲမေ(၂၀၀)ဦး စုစုပေါင်း(၄၈၃)ဦးတို့တက်ရောက်ခဲ့​သည်။

ခင်ဝင်း(  ပြန်/ ဆက်  )