ကျောက်တံတား သြဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ပူးပေါင်းကျင်းပသော “ဆေးလိပ် ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၀)ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၃၀)ဦးခန့် ပါ၀င်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက်ပြိုင်ပွဲ၀င် ကျောင်းသား/ကျောင်းသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုနှင့်ပတ်သက်သည့် အသိပညာပေးပိုစတာများအား စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှုမရှိစေရန်အတွက် ရည်ရွယ်ကာ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဖြင့်ပူးပေါင်း၍ “ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား စက်တင်ဘာလပထမပတ်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မေနန်း(ပြန်/ဆက်)