ရေကြည် သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အခြေခံပညာမူလတန်းကျောင်း (ဘုရားကြီးကုန်း) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်( ၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲ၌ ကျောင်းအုပ်ဆရာကြီး ဦးခင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မိုးစီစီအောင်က စာဖတ်ခြင်း အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းပြနည်းစနစ်မှူး ဦးဝေယံထွန်းက အားကစားနှင့်ကျန်းမာရေး၊ စားသုံးသူရေးရာဦးစီးမှူး ဒေါ်ချယ်ရီမြင့်က အာဟာရနှင့် အစားအသောက် ခေါင်းစဥ်ဖြင့် အသိပညာများကို အသီးသီးဟောပြောခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ အားကစားပစ္စည်းပေးအပ်လှူဒါန်းခြင်းနှင့် (EIM)ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အစီအစဉ်ပြုလုပ်ကျင်းပရာ အဆိုပါ အခမ်းအနားသို့ ဆရာ/ဆရာမ ၊ ကျောင်းသား/သူ စုစုပေါင်း( ၂၂၇)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မေသန့်ဇင်(ပြန်/ဆက်)