တပ်ကုန်းမြို့နယ်၌ ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေး ဟောပြောပွဲကျင်းပ

တပ်ကုန်း ဩဂုတ် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမြတ်နိုင်က အဖွင့်အမှာစကားပြောကြားပြီးနောက်  ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်း၊ ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်နားမာနိုက အလုပ်သမားရေးရာအကြောင်း၊ အမှတ် (၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ ရဲအုပ်မင်းထွေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဟိန်းအောင်ကျော်က မီးဘေးအန္တရာယ်အကြောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်ဇာနီနိုင်က ဥပဒေဆိုင်ရာအကြောင်း၊ အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ဝင့်ရည်သန့်က လျှပ်စစ်သုံးစွဲမှုအန္တရာယ်အကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး တက်ထွန်းက မှုခင်းကျဆင်းရေးအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ကြောင်းသိရပြီး၊ ဟောပြောပွဲအပြီးတွင် သက်ဆိုင်ရာဌာနများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်