ဟိုပုံး ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြည်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီ အချိန်က အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုပုံးတပ်နယ်ကွက်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ မိသားစုဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများက အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းဝန်း အတွင်း/အပြင် ခြုံ၊ နွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းရှိအမှိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ယင်းကဲ့သို မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)