မိုင်းယန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ သုတ၊ ရသ စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားရရှိစေရန်အတွက် ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ သုတ၊ ရသစာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ ဌာနဆိုင်ရာများ စုပေါင်းကာ ယနေ့နံနက်ပိုင်းက ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စာအုပ်စာပေဝါသနာပါသူ ( Club )အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာမောင်နန္ဒ(မြစ်ကြီးနား) ရေးသားပြုစုသည့် “ဘဝထဲက အမှတ်တရများ” ပထမတွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

နတ်မောက်မြို့တွင် မြို့မဈေးအတွင်းရှိ ဆိုင်ခန်းရှင်များ ကျုးကျော်တည်ခင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်းရှိ ဆိုင်ခန်းရှင်များ ကျူးကျော်တည်ခင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများက တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အ.ထ.က(မိုင်းကိုင်)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Gread-12)အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများက  ပူးပေါင်း၍  ဂုဏ်ပြုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအကြောင်း ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မြေငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအကြောင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ အထူးအောင်ဆုများနှင့် အောင်လက်မှတ် ချီးမြှင့်ပွဲကျင်းပ

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ဦးဆောင်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သံဃနာယကအဖွဲ့(သုဓမ္မာ) ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကော်မတီမှ ကြီးမှူးကျင်းပခဲ့သော (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲတွင် အောင်မြင်ခဲ့ကြသော  အထူးအောင်ဆုနှင့် အောင်လက်မှတ်ချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက  လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် သရက်မြို့တွင်ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

မိတ္ထီလာတက္ကသိုလ်မိသားစု၏ ဘုရားအနေကဇာတင်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်မိသားစု၏ ဘုရားအနေကဇာတင်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်  ၆ နာရီခွဲက အဆိုပါ တက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

နမ့်စန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီက မြို့နယ်ကျောက်တိုင်အားကစားကွင်း အတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီး လင်းကိုနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
Subscribe to