နတ်မောက်မြို့တွင် မြို့မဈေးအတွင်းရှိ ဆိုင်ခန်းရှင်များ ကျုးကျော်တည်ခင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်း ဆောင်ရွက်

နတ်မောက် ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်းရှိ ဆိုင်ခန်းရှင်များ ကျူးကျော်တည်ခင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့မဈေးအတွင်းရှိ ဆိုင်ခန်းရှင်များအား ကျူးကျော်တည်ခင်းရောင်းချမှုမရှိစေရေး၊ ပျံကျဈေးရောင်းချမှုများအား စည်းကမ်းနှင့်အညီ စနစ်တကျသတ်မှတ်ထားသည့် နေရာများတွင် ရောင်းချစေရေး၊ မိုးတွင်းကာလဖြစ်သည့်အတွက်  ဈေးအတွင်း/အပြင် ရောင်းချနေသော ဆိုင်ခန်းရှင်များအနေဖြင့် ယင်နားနေနိုင်သည့် အစားအစာများ စနစ်တကျဖုံးအုပ်ရောင်းချရန်နှင့်  ဈေးရောင်း/ဈေးဝယ် ပြည်သူ ကျန်းမာရေးညီညွတ်စေရေးအတွက် ဆိုင်ခန်းများမှ အမှိုက်များ စနစ်တကျ စွန့်ပစ်ထားရှိမှုနှင့် အများသုံးသန့်စင်ခန်းများအား ဆပ်ပြာ၊ ရေများဖြင့် စနစ်တကျ သုံးစွဲရန် တာဝန်ခံအင်ဂျင်နီယာနှင့် ဈေးတာဝန်ခံတို့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မူမူစန်း