နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

နတ်မောက် ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စာအုပ်စာပေဝါသနာပါသူ ( Club )အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာမောင်နန္ဒ(မြစ်ကြီးနား) ရေးသားပြုစုသည့် “ဘဝထဲက အမှတ်တရများ” ပထမတွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦး မတူညီတဲ့အတွေးအမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦးမျှဝေနိုင်ရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန်ရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ(Club) အဖွဲ့ဝင်များဖြင့်ပူးပေါင်းကာ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ မောင်နန္ဒ(မြစ်ကြီးနား) ရေးသားပြုစုသည့် “ဘဝထဲက အမှတ်တရများ” ပထမတွဲစာအုပ်ထဲမှ စာပေဝါသနာပါသူ၊ စာပေချစ်မြတ်နိုးသူများဖြစ်သည့် Women Club နှင့်  Book Club အဖွဲ့ဝင်များက မိမိတို့ဖတ်ရှုထားသည့်ခေါင်းစဉ်များအလိုက် အသီးသီးဆွေနွေးခဲ့ရာ စာရေးဆရာ မောင်နန္ဒ (မြစ်ကြီးနား)မှ ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ စာရေးဆရာ မောင်နန္ဒ(မြစ်ကြီးနား)၊  စာအုပ်စာပေဝါသနာပါသူ၊ စာပေချစ်မြတ်နိုးသူများဖြစ်သည့် Women Club၊ Book Club အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

လှဝင်း