ပိုင်ကျုံ ဩဂုတ် ၁၉
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ ဌာနဆိုင်ရာများ စုပေါင်းကာ ယနေ့နံနက်ပိုင်းက ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့အဆင့်ဌာနဆိုင်ရာများဖြစ်သည့် နယ်မြေရဲတပ်ဖွဲ့၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မိသားစုဝင်များနှင့် တရားဒေသနာတော် ကြားနာခံယူလာကြသည့် ဧည့်ပရိတ်များက ပိုင်ကျုံမြို့ မြို့မသာသနာပြု ပရဟိတကျောင်းဆရာတော်ထံ ငါးပါးသီလခံယူပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်းနှင့် ပတ်သက်သည့်တရားဒေသနာတော်များနှင့် ပရိတ်တရားတော်များနာယူပြီးနောက် ဆရာတော်၊ သံဃာတော်မြတ်တို့အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချအမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဆရာတော်၊ သံဃာတော်မြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ ဝါတွင်း(၃)လအတွင်း ဝါဆိုသင်္ကန်းကပ်လှူနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်ရပ်ကွက်သူ/သားများ စုပေါင်းကာ အလှည့်ကျ အစဉ်အလာမပျက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)