သာယာဝတီ ဩဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာတီခရိုင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အ.ထ.က(၁)သာယာဝတီတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အကြိုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
အကြိုပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၉၃)ကျောင်းမှ ပြိုင်ပွဲဝင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသားကျောင်းသူ(၁၂၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဆုရရှိသောကျောင်းသားကျောင်းသူများကို ဆုပေးပွဲအခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့တွင် ပြခန်းများ၊ ဂိမ်းကစားနည်းများ၊ စာပေဆိုင်ရာစွမ်းရည်ပြိုင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)