သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် လူငယ်များ ပြိုင်ပွဲပြုလုပ်

သံတောင်ကြီး ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ လူငယ်များ ဦးဆောင်၍ သမ္မာကျမ်းစာနေ့အထိမ်းအမှတ် သရုပ်ဖော်ပြိုင်ပွဲကို ယမန်နေ့ညနေ(၅)နာရီအချိန်၌  ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် လူငယ်ဥက္ကဋ္ဌ စောဂေဒိုးစိုးမှ လူငယ်လူရွယ်ကလေးသူငယ်များအနေဖြင့် လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲရှိစေရန် ထူးချွန်ထက်မြက်စေရန် တွေးခေါ်မှုစွမ်းရည်မြှင့်မားစေရန် ဘာသာတရားကိုသိရှိ၍ တိုင်းပြည်နှင့်လူမျိုး၊ အသင်းတော်အတွက် ကျရာနေရာတွင် ပါဝင်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် သံတောင်ကြီးမြို့ ရပ်ကွက်အသီးသီးရှိ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ လူငယ်အဖွဲ့(၉)ဖွဲ့က သမ္မာကျမ်းစာသရုပ်ဖော်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် လူငယ်ဥက္ကဋ္ဌက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ