ကန့်ဘလူမြို့ အ.ထ.က(၁)ကျောင်း၌ ဥပဒေဆိုင်ရာ အခြေခံအသိပညာပေးဟောပြောပွဲကျင်းပ

ကန့်ဘလူ ဩဂုတ် ၂၂

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဥပဒေဆိုင်ရာ အခြေခံအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ဥပဒေဆိုင်ရာ အခြေခံအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တွဲဘက်မြို့နယ် တရားသူကြီး ဒေါ်လှလှငြိမ်းက တရားရေးဆိုင်ရာ ဥပဒေအကြောင်းအရာ သိကောင်းစရာများကိုလည်းကောင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဇင်ဇင်ထွန်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယရဲအုပ်ထင်လင်းအောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို လည်းကောင်း အသီးသီးဆွေးနွေးဟောပြောကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ပညာရေးမှူး ဦးသန်းထိုက်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမျိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းကျော်၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၉၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)