တာလေ ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လည် ၁နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများပြသခြင်းကို အခြေခံပညာမူလတန်း(လွန်)ကျောင်း သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က အသိပညာပေးဟောပြောပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို လေ့လာဖတ်ရှုနိုင်ရေး၊ စာဖတ်သူသည်လူအများကြား စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုနိုင်ကြောင်း၊ စာပေမြင့်မှလူမျိုးတင့်သည်ဆိုသည့်အတိုင်း နေ့စဥ်အားလပ်ချိန်များတွင် ကျောင်းစာကြည့်တိုက် (သို့မဟုတ်)ကျေးရွာစာကြည့်တိုက်များတွင် စာပေများလေ့လာဖတ်ရှုနိုင်ရေးနှင့်စပ်လျဥ်း၍ ပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်ပြပွဲများကို ခင်းကျးပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုးလရောင် (ပြန်/ဆက်)