ကျွန်းလှ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
သီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)၌ ဝါတွင်းကာလ သီတင်းသုံးတော်မူသော စာချ၊ စာသင် သံဃာတော်များအား မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်း အစရှိသော လှူဖွယ်ပစ္စများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ထို့အပြင် သံဃာတော်များ ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ ရပ်ဝေးရပ်နီးအလှူရှင်များက အာရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများအလှည့်ကျ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ