မိုင်းစံမြို့ မိုင်းရှူး - မိုင်းစံ- ကာလိ ကားလမ်းမကြီးတောင်‌မြေပြိုကျမှုဖြစ်ပွား

မိုင်းစံ ဩဂုတ် ၂၄

ရှမ်းပြည်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မိုင်းရှူး- မိုင်းစံ - ကာလိသွားကားလမ်းမ မိုင်တိုင်အမှတ်(၆၆)ကီလိုမီတာအနီး ကားလမ်းမကြီးပေါ်တွင် ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်ခန့်က တောင်မြေပြိုကျမှုကြောင့် ကားလမ်းများပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ‌‌ကားလမ်းမကြီးပေါ်တွင် တောင်မြေပြိုကျကြောင့် ကားလမ်းပိတ်ဆို့နေမှုအား မိုင်းစံမြို့ မြို့အုပ်ချုပ်ရေးမှူးဦးဖြိုးပြည့်လှိုင်၏ဦးဆောင်မှုဖြင့် မိုင်းစံမြို့လမ်းဦးစီးဌာနမှ လမ်းဦးစီးဦးဝင်းလွင်နှင့်အဖွဲ့ဝင်များ၊ မိုင်းစံနယ်မြေရဲစခန်းမှ စခန်းမှူးကျော်စွာဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းစံမြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးထွန်းလှိုင်ကျော်နှင့်တပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာဝန်ထမ်းများက ဝိုင်းဝန်း၍ ကားလမ်းမပေါ်တွင် ပြိုကျနေသောမြေကြီးများ၊ သစ်ပင်များ၊ သစ်ကိုင်းသစ်ခက်များကို ညနေ(၅)နာရီအချိန်တွင် ရှင်းလင်းပြီးစီးခဲ့ပြီး ကားများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း မိုင်းစံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်ထံမှ သိရှိရသည်။

မိုင်းစံ(ပြန်/ဆက်)