သင်္ဃန်းကျွန်း ဩဂုတ် ၂၄
သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းတွင် ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးစောမြိုင်အုံးက ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် စစ်မှုထမ်းဥပဒေ၊ ဆက်သွယ်ရေးဥပဒေများနှင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥဒေများတွင် ပြဋ္ဌာန်းချက်ပါ သိမှတ်ဖွယ်ရာများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ၄၆၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
သိန်းအောင်