လိပ်သို ဩဂုတ် ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများမှာ မိမိတို့၏ ဥယျာဉ်ခြံများတွင် ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြပြီး ထွက်ရှိလာသော ကော်ဖီစေ့များကို အမှုန့်ကြိတ်၍ ရောင်းချခြင်းဖြင့် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
လိပ်သိုဒေသတွင် အာရေဗီးကားနှင့် ရိုဘတ်စတာ (Robusta) ကော်ဖီမျိုးများကို စိုက်ပျိုးထားကြကြောင်း၊ ကော်ဖီကြိတ်ရာတွင် ကော်ဖီသီးများကိုပြုတ်၍ အခြောက် လှန်းကာ အစေ့ချွတ်ထုတ်ရကြောင်း၊ အခြောက်ခံထားပြီးသော ကော်ဖီစေ့များကို ပြန်၍လှော်ပြီးမှ ကြိတ်ရကြောင်း၊ အမှုန့်ကြိတ်၍ ရရှိလာသော ကော်ဖီမှုန့်စစ်စစ်များကို ထုတ်ပိုးပြီး တံဆိပ်ကပ် ရောင်းချကြကြောင်း၊ ယခုနှစ် မိုးရာသီကာလ၌ ကော်ဖီမှုန့် တစ်ပိဿာလျှင် ကျပ် (၃၀၀၀ဝိ/-) မှ (၄၀၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေကြောင်း သိရသည်။
အဆိုပါ ကော်ဖီမှုန့်စစ်စစ်များကို လိပ်သိုမြို့ပေါ်တွင်သာမက အခြားမြို့ကြီးများသို့လည်း ပို့ဆောင်ရောင်းချလျက်ရှိရာ ဝယ်ယူသူများက မိမိတို့သောက်သုံးရန်၊ အလှအပရေးရာ၌ အသုံးပြုရန်၊ လက်ဆောင်ပေးရန်နှင့် ဒေသထွက်ကုန်များတွင် အသုံးပြုရန်အတွက် ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)