ပခုက္ကူမြို့ပေါ် ရပ်ကွက်များရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

ပခုက္ကူ ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ယနေ့ နံနက် (၈) နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများပူးပေါင်းပြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ MSME လုပ်ငန်းများဖြစ်သည့် အာလူးကြော်လုပ်ငန်း၊ ကိတ်မုန့်လုပ်ငန်း၊ မြေပဲဆုံဆီလုပ်ငန်းများအား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြရေး၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးများနှင့်ကိုက်ညီမှုရှိရေး၊ စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)