၂၀၂၄-၂၀၂၅ ပညာသင်နှစ် အ.ထ.က(ဝါးတော) ကျောင်း၏ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

မြဝတီ ဩဂုတ်၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ဝါးတော)၏ (၂၀၂-၂၀၂) ပညာသင်နှစ်ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါ ကျောင်းဝင်းတွင် ကျင်းပသည်။

ဦးစွာ ပြိုင်ပွဲဝင်မည့်အားကစားသမားများက ကွင်းအတွင်းနေရာယူပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသက်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာသင်ကြားသင်ယူမှုအပြင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ရသ သက်မွေးဘက်စုံပညာရေးဆိုသည့် စနစ်သစ်ပညာရေးတွင် ဘက်စုံလွှမ်းခြုံနိုင်ပြီး ထူးချွန်ထက်မြက်နေစေရန် ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြဝတီခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပေးရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသက်က လက်ခံရယူသည်။ ဆက်လက်၍ပြိုင်ပွဲဝင်အသင်းလိုက် အားကစားသမားများက နိုင်ငံတော်အလံအလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် ရွတ်ဆိုပြီးနောက် ပြိုင်ပွဲစတင်ခဲ့ရာ အသင်းငါးသင်းမှ အမျိုးသား၊ အမျိုးသမီးဘောလုံးအားကစားများက ပွဲစဉ်အုပ်စုအလိုက် စတင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)