သံတောင်ကြီး ဩဂုတ် ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသူ၊ ကျောင်းသားများအား နယ်လှည့်ကွင်းဆင်း၍ စာအုပ်စာစောင်များ ဌားရမ်းပေးခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများသိရှိစေရန်၊ စာဖတ်ခြင်းဖြင့်အကောင်းဆိုးအမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်သောသူများဖြစ်စေရန်၊ စာပေ၏တန်ဖိုးကိုသိရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာအသုံးပြုတတ်စေရန်အတွက် သုတစာအုပ်၊ ဝတ္တု၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပုံပြင်၊ ရုပ်ပြ စသည့် စာအုပ်များ စုံလင်စွာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ်သွားရောက်ဌားရမ်းပေးခဲ့ကြောင်း သိရသည်။
စောမင်းသား