နတ်မောက်မြို့အောင်ဆန်းရပ်ကွက်တွင် လင်းလက်ခေါင်းလျှော်ရည် သဘာဝထုတ်ကုန် ရောင်းဝယ်ရေးက အခြေခံလူတန်းစားများအား ဆန်၊ ဆီနှင့် ခေါင်းလျှော်ရည်များလှူဒါန်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်တွင် လင်းလက်ခေါင်းလျှော်ရည် သဘာဝထုတ်ကုန်ရောင်းဝယ်ရေးပိုင်ရှင် ဦးသက်ချိုဦး ဇနီးဒေါ်ခင်မူယာမြင့်တို့က အခြေခံလူတန်းစားများအား ယနေ့နံနက်ပိုင်းက ဆန်၊ ဆီ နှင့် သဘာဝခေါင်းလျှော်ရည်များ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ထောက်ပံ့လှူဒါန်းပေးရာတွင် အောင်ဆန်းရပ်ကွက်ရှိ အိမ်ထောင်စု (၈၀) အား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၂)ပြည်၊ နှမ်းဆီစစ်စစ်(၅၀)ကျပ်သားနှင့် လင်းလက်သဘာဝ ခေါင်းလျှော်ရည် (၁) ဘူးတို့အား ထောက်ပံလှူဒါန်းပေးခဲ့ပြီး မိမိလုပ်ငန်းတွင် ပံ့ပိုးကူညီသူ ဝန်ထမ်းတို့အား ဆန်(၂)ပြည်၊ နှမ်းဆီ စစ်စစ်(၅၀)ကျပ်သား၊ လင်းလက်သဘာဝခေါင်းလျှော်ရည်(၁)ဘူးနှင့် ငွေ(၅၀၀၀)ကျပ် ထောက်ပံ့လှူဒါန်း ပေးခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ မျောက်ကျောက်ရောဂါအကြောင်း အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်စံအောင်ဈေးအတွင်း၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ မျောက်ကျောက်ရောဂါအကြောင်း အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပွဲတက်ရောက်

မကွေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိန်းခြင်းကို စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီမှုမဖြစ်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ်တည်ရှိစေရန်၊ ငါးထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန် အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များရှိ ဧရာဝတီမြစ်၊ ချောင်းနှင့်ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် (၈) နာရီက မကွေးမြို့ မြင်းကင်းဆိပ်ရှိ ဧရာဝတီမြစ်ကမ်းစပ်၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပခဲ့သည်။

မင်းဘူးမြို့၌ ပလပ်စတစ်အမှိုက်များ စွန့်ပစ်မှုမရှိစေရေး ဗီနိုင်းပိုစတာဖြင့် ပြသခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ပလပ်စတစ်အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ ပလပ်စတစ်ကင်းစင်စေရေး ဗီနိုင်းပိုစတာကပ်၍ ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထောက်ရှာပင်ဆိပ်ကမ်းရှိ သင်္ဘောများပေါ်နှင့် မြစ်ကမ်းနားတစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။

မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက မြို့သစ်မြို့၊ စျေးရပ်ကွက်၊ အခြခံညာမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ ဆန်စက်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်စားသုံးသူရေးရာကော်မတီ(၃/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီအစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နေပြည်တော်ကောင်စီစားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

‌နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဦးဟန်သူ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားရေရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာဖိုး‌ငွေ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဦးဟန်သူ တက်ရောက်အားပေးစကားပြောကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဩဂုတ်လ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပွားရာမှ ရေဘေးသင့် ပြည်သူများအား ထောက်ပံပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်မ၌ကျင်းပရာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရေဘေးသင့်ရပ် ကွက်/ကျေးရွာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ခရမ်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေးနှင့် Mopx (မျောက်ကျောက်ရောဂါ) အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အမှတ်(၁)အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြခံအသိအမြင်များနှင့် မျောက်ကြောက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရမ်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။

မက်မန်းမြို့နယ် ဆွတ်ဝိုး(အ.လ.က)ကျောင်းတွင် ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဌေးနှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က မက်မန်းမြို့နယ် ဆွတ်ဝိုး(အ-လ-က)ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအား နိုင်ငံရေးစိစစ်ရေးကတ်ပြားများကို အခမဲ့ ကွင်းဆင်ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to