ကျိုက်မရော သြဂုတ် ၂၈
လူထုအခြေပြုဗဟိုဌာန (ကျိုက်မရော)၌ Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက Mpox မျောက်ကျောက်ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများကို ပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသူများ၏ မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်ရာ ဦးစီးမှူးက ကျန်းမာရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ဝေထားသည့် Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)