လဟယ်မြို့တွင် အခြေခံ/အဆင့်မြင့် စက်ချုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ

လဟယ် ဩဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အခြေခံ/အဆင့်မြင့်စက်ချုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

ဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသတာဝန်ခံ ဦးစိုင်းညီညီထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပါသည်။ ထို့နောက် သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးပါသည်။ ၎င်းနောက် အခြေခံ/အဆင့်မြင့် စက်ချုပ်နည်းသင်တန်းသုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှုတို့ကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပါသည်။

အဆိုပါ သင်တန်းတွင် စာတွေ့/လက်တွေ့ သင်ခန်းစာများ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းမှ ထူးချွန်သင်တန်းသူ(၅)ဦးကို လုပ်ငန်းထူထောင်နိုင်စေရန် သင်တန်းသူတစ်ဦးအတွက် ငွေကျပ်(၁၄)သိန်းတန်ဖိုးနှင့် ညီမျှသော ဒေသဖွံ့ဖြိုးရေး သုံးစက်ပစ္စည်းများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထူးချွန်သင်တန်းသူ (၅)ဦးစာအတွက် ငွေကျပ်(၇၀)သိန်း သုံးစွဲသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ (၂၆-၈-၂၀၂၄)ရက်နေ့မှ (၂၅-၉-၂၀၂၅)ရက်ထိ သင်တန်းကာလ (၁)လ ပို့ချသွားမည်ဖြစ်ကြောင်း သိရရပါသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များ၊‌ အသေးစားစက်မှု၊လက်မှုလုပ်ငန်းဦးစီးဌာန ဒေသတာဝန်ခံ ဦးစိုင်းညီညီထွန်းနှင့် ရုံး၀န်ထမ်းများ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ကြောင်း သိရပါသည်။

လဟယ်(ပြန်/ဆက်)