စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ဆန်၊ဆီ(ရိက္ခာများ) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကိုင် ဩဂုတ် ၂၇

နိုင်ငံတော်ကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် မိမိတို့မြို့နယ်အတွင်း လုံခြုံရေးကိစ္စရပ်များတွင် တစ်ဖက်တစ်လမ်းမှ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ စစ်ဌာနေအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စိတ်အေးချမ်းသာယာစွာ လုပ်ကိုင်နိုင်စေရန်နှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် အထောက်အပံ့ဖြစ်စေရန်အတွက် စသည့်တို့ကိုရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ဆန်၊ဆီ (ရိက္ခာများ) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် ဝန်ထမ်းများ၊ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ၊ စုစုပေါင်း အင်းအား(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းတို့မှ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ဆန်(၁၆၀)ပြည်၊ ဆီ (၂၀)ပိဿာနှင့် ထောက်ပံ့ငွေ၂၀၀၀၀ဝိ/-ကျပ် စုစုပေါင်းထောက်ပံသည့် တန်ဖိုးငွေ (၁၃၀၀၀၀ဝိ/-)ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ  ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်မှ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ အနေဖြင့် ယခုလို မြို့နယ်အတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများတွင် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် နောင်တွင်လည်း စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်းစသည့် အကြောင်းအရာများကို နိဂုံးချုပ် ပြောကြားခဲ့ကြောင်း သတင်းရသည်။

ကျော်စွာ (စဉ့်ကိုင်)