ဇေယျာသီရိ ဩဂုတ် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်စံအောင်ဈေးအတွင်း၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ မျောက်ကျောက်ရောဂါအကြောင်း အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးကျော်မင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာနှင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီသတ်ဦးစီးမှူး ဦးမျိုးတင့်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက ပြည်စံအောင်ဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများအကြောင်း၊ ကူးစက်နိုင်ချေရှိသည့် နည်းလမ်းများ၊ ကာကွယ်ကုသနိုင်မည့် နည်းလမ်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး မျောက်ကျောက်ရောဂါ ကာကွယ်ရေးနှိုးဆော်ချက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)