နတ်မောက် ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်တွင် လင်းလက်ခေါင်းလျှော်ရည် သဘာဝထုတ်ကုန်ရောင်းဝယ်ရေးပိုင်ရှင် ဦးသက်ချိုဦး ဇနီးဒေါ်ခင်မူယာမြင့်တို့က အခြေခံလူတန်းစားများအား ယနေ့နံနက်ပိုင်းက ဆန်၊ ဆီ နှင့် သဘာဝခေါင်းလျှော်ရည်များ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ထောက်ပံ့လှူဒါန်းပေးရာတွင် အောင်ဆန်းရပ်ကွက်ရှိ အိမ်ထောင်စု (၈၀) အား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် (၂) ပြည်၊ နှမ်းဆီစစ်စစ် (၅၀) ကျပ်သားနှင့် လင်းလက်သဘာဝ ခေါင်းလျှော်ရည် (၁) ဘူးတို့အား ထောက်ပံလှူဒါန်းပေးခဲ့ပြီး မိမိလုပ်ငန်းတွင် ပံ့ပိုးကူညီသူ ဝန်ထမ်းတို့အား ဆန် (၂) ပြည်၊ နှမ်းဆီစစ်စစ် (၅၀) ကျပ်သား၊ လင်းလက်သဘာဝခေါင်းလျှော်ရည် (၁) ဘူးနှင့် ငွေ (၅၀၀၀) ကျပ် ထောက်ပံ့လှူဒါန်း ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့လှူဒါန်းရာသို့ လာရောက်ကြသည့် ကလေးငယ် (၃၀) ဦးကိုလည်း ငွေကျပ် (၂၀၀၀) ဝေငှပေးခဲ့ရာ စုစုပေါင်းထောက်ပံ့လှူဒါန်းကုန်ကျငွေ သိန်း (၇၀) ဖိုးအား လင်းလက်ခေါင်းလျှော်ရည် သဘာဝထုတ်ကုန် ရောင်းဝယ်ရေးအလှူရှင် ဦးသက်ချိုဦး ဇနီးဒေါ်ခင်မူယာမြင့်တို့က ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှဝင်း