ကျိုက်မရော၌ အခြေခံစားသုံးကုန်နှင့် စားအုံးဆီများ သင့်တင့်မျှတသောစျေးဖြင့် ဖြန့်ဖြူးရောင်းချပေး

ကျိုက်မရော သြဂုတ် ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အခြေခံစားသုံးကုန်များနှင့် ဆီများကို ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စျေးနှုန်းတည်ငြိမ်ရေးကော်မတီမှ သင့်တင့်မျှတသောစျေးနှုန်းဖြင့် အပတ်စဥ်ရောင်းချပေးလျှက်ရှိသည်။

မြို့နယ်အတွင်းရှိ ဆန်လုပ်ငန်းရှင်နှင့် ဆန်ဆိုင်များ၊ ဆီဆိုင်ကုန်စုံဆိုင်များအနေဖြင့် လစဥ်ထုတ်ပြန်သည့် သင့်တင့်မျှတသော စျေးကွက်စျေးနှုန်းထက်အမြတ်စွန်းပိုမယူဘဲ ရောင်းချပေးရေးအတွက် တာဝန်ရှိသူများအဖွဲ့က အမြဲစောင့်ကြည့်လေ့လာကာ ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သြဂုတ်၂၈ ရက်နံနက်ပိုင်းက စားအုန်းဆီတစ်ပိသာလျှင် ၆၈၀ဝကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးလျှင် တစ်ပိသာနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ဆီပိသာချိန် ၄၃၇၀ ကို ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး