ပင်လောင်း ကြဂုတ် ၂၈
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာပြည့်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရာ၊ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့အရှေ့ရပ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ဟောပြောပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ကျန်းမားရေးမှူး ဦးကျော်စွာအောင်က အချို့နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် မျောက်ကျောက်ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါးပျိုးရက်၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းမျာကို ရှင်းလင်းဟောပြောသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မျောက်ကျောက်ရောဂါကာကွယ်ရေးနှိုးဆော်ချက်များကို ပြည်သူများသိရှိစေရန် မြို့မဈေးတွင် ဈေးရောင်းဈေးဝယ်သည့် ပြည်သူများအား မျောက်ကျောက်ရောဂါကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်စာစောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်ပြဘုတ်နှင့် မော်တော်ယာဉ်လိုင်းဂိတ်များတွင်လည်း အဆိုပါမျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်ဗီနှိုင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်