သရက်ချောင်း ဩဂုတ် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့က ကလေး/သူငယ်မိဘများနှင့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး(ECI) မိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက ဦးစွာတက်ရောက်လာသော ကလေး/သူငယ်မိဘများအား ကျေးဇူးတင်စကားပြောကြားခြင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး(ECI) မိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဆွေးနွေးရာတွင် လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၏ ကလေး/သူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုအကြောင်းနှင့် ပြန်လည်ထူထောင်ရေး(ECI) မိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသော ကလေး/သူငယ်မိဘများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)